ဗဟိုလေ့ကျင့်ရေးကျောင်း၌ တတိယအကြိမ် မိုးရာသီစိုက်ပျိုးပွဲ ကျင်းပ
နေပြည်တော် ဩဂုတ်လ ၂၃
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၏ ၂၀၂၃ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။