ဘိုကလေးမြို့နယ်၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြော

ဘိုကလေး စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အဆိုပါ သင်တန်းကျောင်းတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းတွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ လေးဦးတို့က လူငယ်နှင့်ပျော်ရွှင်မှု၊ လူငယ်နှင့် ခေါင်းဆောင်မှု၊ လူငယ်နှင့်ယဉ်‌ကျေးမှု၊ လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ 
ထို့နောက် တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က လူငယ်များအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန် ဟောပြောဆွေးနွေးကြောင်း သိရသည်။

Post Paragraph