လဟယ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်ပွဲကျင်းပ

လဟယ်   အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲကို ယနေ့ကျင်းပရာ နာဂဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးညီညီထွေး နှင့် ကျောင်းအုပ်ဆရာမကြီးတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား သည်။ 
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၁၉ ရက် အထိ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ တက်ရောက်မည်ဖြစ် ကြောင်း သိရသည်။
 

Post Paragraph