September 2016

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr. Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ထိုင်းနိုင်ငံ တရားရေး ဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr . Permpong Chaovalit  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၅) သင်တန်းဆင်း

နေပြည်တော် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် စက်တင်ဘာ ၂၃ ရက် နံနက် ၉နာရီက ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ ကျင်းပသည့် မူလတန်းဆရာအတတ်သင် သုံးနှစ်သင်တန်း အမှတ်စဉ် (၄၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။
     ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)က သင်တန်းနှင့် ပတ်သက် သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

standard