May 2022

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် မေ  ၂၈
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းပျဉ်းမြို့နယ်အတွင်း၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စီမံကိန်း အပြီးသတ်ဆောင်ရွက်

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ဟောင်ကန်ကျေးရွာ အုပ်စု၊ ဟိုခိုကျေးရွာနှင့် ဝမ်နောင်ကျေးရွာအကြား ကွင်းအမှတ်(၇)ဝမ်မတ်ကွင်းအတွင်းရှိ တောင်သူ များ၏ စိုက်ပျိုးရေးလုပ်ငန်းပေါ်တွင် 2.5 KW ဆိုလာစနစ်တည်ဆောက်၍ 1500 W ရေပန့် တပ်ဆင် ကာ ချောင်းရေတင်၍ ရာသီသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအတွက် ဧပြီ ၂ ရက်မှ စတင်ကာ ကျောက်စီ ရေစုကန်တည်ဆောက်ခြင်း၊ မြေသားရေလှောင်ကန် တူးဖော်ခြင်း၊ လယ်ရေတွင်း မြေသား မြောင်းတူးဖော်ခ

standard

နန်းဖဲ-တော်ခူ-ကေကော်ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

    ကယားပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် ၂၂၄ ဒသမ ၉၈၈ သန်းဖြင့် ဖရူဆိုမြို့နယ် သိုသီးဖိုကျေးရွာအုပ်စု နန်းဖဲ-တော်ခူ-ကေကော်ကျေးရွာချင်းဆက် လမ်းသည် မြေလမ်းအရှည် ၃၂ မိုင် ၁ ဖာလုံရှိပြီး ၂၅ မိုင် ၆ ဖာလုံ ကျောက်လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ယမန်နှစ်အထိ ဆောင်ရွက်ပေးခဲ့ပြီး ကျန် ၆ မိုင် ၃ ဖာလုံအနက်မှ ၂ မိုင်အား ကျောက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလအတွင်းနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ‌ကောလိပ်၊ ရန်ကုန်၏၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ၊ ဒုတိယနှစ်ဝက်နှင့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ ပထမနှစ်ဝက် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

       နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊ ရန်ကုန်၏  ၂၀၁၉ - ၂၀၂၀  ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်နှင့်  ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ဝက်သင်တန်းများ၏ ဖွင့်ပွဲအခမ်းအနားကို   ၁၂-၅-၂၀၂၂ ရက်   ကြာသပတေးနေ့ နံနက်  ၁၀ : ၀၀ နာရီ တွင် ဒီဂရီ ကောလိပ်၊ ရန်ကုန်ရှိ  ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပသည်။  

standard