ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အား JICA မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ
နေပြည်တော် ဇူလိုင် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် JICA (ဂျပန်) ရုံးချုပ်မှ Advisory Mission Leader ဖြစ်သူ Mr. Minoru YOSHIDA နှင့် JICA (မြန်မာ) ရုံးမှ Coordinator ဖြစ်သူ ဦးတင်မောင်ကြီးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။